Friday, August 14, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ခရိုင် ရဲတပ်ဖွဲ့မှူး ၏လောင်းကစား ဖမ်းဝရမ်းအမှတ် (၁၈/၂၀၁၅)ဖြင့် ပခုက္ကူမြို့နယ်၊ ပေါက်တော ကျေးရွာနေ ဇော်မျိုးဝင်း (၃၂)နှစ်၏ နေအိမ်စားသောက်ဆိုင်နှင့် ကပ်လျက် တဲအတွင်းသို့ ၀င်ရောက် ရှာဖွေရာ အိမ်ရှင် ဇော်မျိုးဝင်းနှင့်အတူ တစ်ရွာတည်းနေ မြင့်ဝေ (၄၇)နှစ် ၊ ရဲဝင်း(၅၃)နှစ်၊ ၀င်းဌေး (၅၉)နှစ်တို့အား ဖဲရိုက်လောင်းကစား ပြုလုပ်နေသည်ကို တွေ့ရှိရပြီး ဖဲရိုက်လောင်းကစားရာတွင် အသုံးပြုသော ဖဲထုပ် (၁၀၈)ချပ်ပါ (၃)ထုပ်၊ လောင်းကြေး ငွေစက္ကူရောရာ ၁၄၈၀၀ိ/-အား ရှာဖွေ သိမ်းဆည်း ရမိသဖြင့် ဖဲရိုက်လောင်းကစားပြုလုပ်သူ ဇော်မျိုးဝင်းပါ (၄)ဦးတို့အား ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း (ပ) ၅၅/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video