၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ ညနေ (၅း၂၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲခစန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ ကန်တုတ်-စစ္စနို့ ကားလမ်း မိုင်တိုင်အမှတ် ၁၁/၁ အနီး စောင့်ဆိုင်းနေစဉ် စစ်္စနို့ရွာဘက်မှ ကန်တုတ်ရွာဘက်သို့ မင်းလှမြို့နယ်၊ ကွမ်းသွန်းကျေးရွာနေသူ စိုးညီနိုင် (၃၅)နှစ် စီးနင်းမောင်းနှင်လာသည့် ၄၃ယ/၂၉၇၇၃ ဒါရမ်း ၁၂၅ ဖြူပြာရောင် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ စိုးညီနိုင်၏ လွယ်အိတ် အတွင်းမှ သုံးလုံးထီဂဏန်းများ ရေးသားထားသည့် ဖြတ်ပိုင်းများ နှင့် ဘောက်ချာစာအုပ် (၂)အုပ်၊ ငွေ စက္ကူရောရာ ၉၀၀၀ိ/- တို့အား ရှာဖွေသိမ်းဆည်း ရမိသဖြင့် တရားမ၀င် သုံးလုံးထီ လောင်းကစား ပြုလုပ်သူ စိုးညီနိုင်အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ)၁၁၃/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Friday, August 14, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment