Friday, August 14, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ နေ့လည် (၁၂)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ချောက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ချောက်မြို့၊ အမှတ်(၁၅) ရပ်ကွက်၊ ချောက်-ဂွေးချို သွား ကားလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံးကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ ချောက်မြို့မှ ဈေးဝယ်ပြီး စလေဘက်သို့ ချောက်မြို့၊ တိုက်ကုန်းရပ် ကွက်နေသူ မျိုးလွင် (၄၀)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရပ်ကွက် တည်းနေ မအေးအေးမြင့် (၄၃)နှစ် လိုက်ပါလာသည့် ၃၉ယ/xxxx ဆူဖတ် ၁၁၀ အနက်ရောင် ဆိုင်ကယ်မှာ အရှိန်ပြင်းစွာ မောင်းနှင်သဖြင့် ဆိုင်ကယ်နောက်မှ လိုက်ပါသူ မအေးအေးမြင့်မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာများ ရရှိသေဆုံး ခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ မျိုးလွင်အား ချောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video