Thursday, August 13, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ နံနက် (၁၁)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ရွာသစ်ရွာနေ ဒေါ်အေးဆင့်(၄၉)နှစ်၏နေအိမ်အား နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်အေးဆင့်၏ နေအိမ်နောက်ဖေး ကပ်လျှက် မီးဖိုဆောင်အတွင်းမှ ချက်လုပ်ခွင့်လိုင်စင်မရှိဘဲ အရက်ချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့် လိုင်စင်မဲ့ တောချက်အရက် (၁၂)ပုလင်း၊ စုစုပေါင်းတန်ဖိုး(၁၃,၅ဝဝိ/-)အား သိမ်းဆည်းရမိ ခဲ့ကြောင်း သတင်းရရှိပါသည်။

 ချက်လုပ်ခွင့်လိုင်စင်မရှိဘဲ အရက်များ လက်ဝယ်ထားရှိ ချက်လုပ်ရောင်းချသူ ဒေါ်အေးဆင့်အား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၂၄/၂ဝ၁၅၊ ယစ်မျိုးဥပဒေပုဒ်မ ၃ဝ(က)/(ဃ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video