၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေသတင်း စုံစမ်းနေစဉ် အမှတ်(၃)ရပ်ကွက်၊ နမ္မဒါဂေါက်ကွင်းအနီးအရောက်တွင် ခိုးမှုများ ကျူးလွန်လေ့ရှိသူ ဟု ကျော်ဇော သတင်းရှိသူ မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်နေ နေထက်ဝင်း(ခ) ဒီဂျေ၊ ၁၇နှစ်အား တွေ့ရှိရ သဖြင့် စစ်ဆေးခဲေ့ကြာင်း သတင်းရရှိပါသည်။
မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်နေ နေထက်ဝင်း(ခ)ဒီဂျေ၊ ၁၇နှစ်၏ ဘောင်းဘီအိတ်ကပ်အတွင်းမှ ဆင်းကဒ်မပါ Y511-TOO HUAWEI ဟန်းဆက်အနက်ရောင်(၁)လုံး၊ ဆင်းကဒ်မပါ C 8813 HUAWEI ဟန်းဆက်အနက်ရောင်(၁)လုံး၊ G-610 HUAWEI ဟန်းဆက်အဖြူရောင်(၁)လုံးနှင့် ဆင်းကဒ်မပါ G730 HUAWEI ဟန်းဆက်အဖြူရောင်(၁)လုံး၊ စုစုပေါင်း တန်ဖိုး (၁၉ဝ,ဝဝဝိ/-) ခန့် အား တွေ့ရှိရသဖြင့် ၎င်းအား အဆိုပါပစ္စည်းများနှင့် ပတ်သက်၍ မေးမြန်းရာ ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောဆိုနိုင်ခြင်း မရှိသဖြင့် နေအိမ် အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် နေထက်ဝင်း(ခ)ဒီဂျေအား မင်းဘူး မြို့နယ်၊ မြို့မရဲစခန်း (ပ)၁ဝဝ/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/၅၄ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment