Thursday, August 13, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ နံနက် (၆) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာမြောက်ဘက် ပခုက္ကူ-ရေစကြိုသွားကားလမ်း မိုင်တိုင်အမှတ် (၂ဝ/၆ နှင့် ၂ဝ/၇)အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပခန်းကြီး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်မှာ ပခုက္ကူမြို့မှ မန္တလေးမြို့သို့ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နေ ဇော်မိုးဝင်း(၃ဝ)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် လှစိုးမိုး လိုက်ပါလာသော 5G-8674 အဖြူရောင် ဟွန်ဒိုင်း ကောင်တာ (၆)ဘီးယာဉ် သည် ခရီးသည် ကျား ၃ ဦး၊ မ ၄ ဦးအား တင်ဆောင် မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၂ဝ/၆နှင့် ၂ဝ/၇) အကြားတွင် ဇော်မိုးဝင်းမှ ယာဉ်မောင်းနှင်ရင်း အိပ်ငိုက်မိ၍့ လမ်း အနောက်ဘက်သို့ထိုးဆင်းကာ ထနောင်းပင်အား ဝင်ရောက်တိုက်မိသဖြင့် ယာဉ်မောင်း ဇော်မိုးဝင်း တွင် ရင်ဘတ်အောင့်၊ ဝဲဒူးခေါင်း ဖူးရောင်ဒဏ်ရာ၊ ယာလက်မောင်းဖူးရောင်ဒဏ်ရာနှင့် ယာဉ်ပေါ်ပါ ခရီးသည်များ ဖြစ်သည့် ပခုက္ကူမြို့၊ အမှတ်(၉) ရပ်ကွက်နေ ဒေါ်တင်မြ(၅၈)နှစ်ပါ ကျား၃ ဦး၊ မ ၄ဦး၊ ပေါင်း (၇) ဦးတို့တွင် ဒဏ်ရာများ အသီး သီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇော်မိုးဝင်း အား ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေ ရဲစခန်း ယာဉ် (ပ) ၁၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video