Friday, August 14, 2015



မင်းဘူး သြဂုတ် ၁၂
မင်းဘူးခရိုင်စေတုတ္တရာမြို့တွင် ရေများတစ်ဖြည်းဖြည်း ပြန်လည်ကျဆင်းခဲ့ရာရေနစ်မြုပ်ခဲ့သည့်ဌာနဆိုင်ရာ
 ရုံးများ၊ စာသင်ကျောင်းများ၊ ဈေးဆိုင်များပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့ပြန်လည် ထူထောင်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါ သည်။
ထိုသို့ဆောင်ရွက်မှုကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်စိုးဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသက်ထွန်းနှင့် အဖွဲ့များကစေတုတ္တရာမြို့ သန့်ရှင်းရေး

ဆောင်ရွက် နေမှုများနှင့် မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းများပြုလုပ်ဆောင်ရွက်နေမှုများကို သြဂုတ်လ
(၁၁)ရက်နေ့က ကြီးကြပ်ညွှန်ကြားဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video