Friday, August 14, 2015
3:13 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး သြဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေကျဆင်းသွား၍ ရပ်ကွက်လမ်းများပေါ်တွင် နှုံးနှင့် အမှိုက်သရိုက်များတင်ကျန်ရစ်နေမှုများရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများ ပိတ်ဆို့နေမှုများ တူးဖော်ခြင်း
လုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာများ ၊မြို့နယ်ဖွံ့ဖြိုးရေးနှင့် အထောက်အကူ
ပြုကော်မတီများ၊ အမှတ်(၈၈)မှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊အရန်မီးသတ် တပ်ဖွဲ့များနှင့်
ဒေသခံပြည်သူများ ဝိုင်းဝန်းစုပေါင်း ရှင်းလင်းဆောက်ရွက်ခဲ့ကြသည်။ယင်းသို့ရှင်းလင်းဆောင်ရွက်ရာတွင်
မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေမှ ဘတ်ဖိုးယာဉ်(၂)စီး၊ မြို့နယ်စည်ပင်သာယာမှ ဘတ်ဖိုးယာဉ်(၂)စီး၊ရေသယ်ယာဉ်(၁)စီး၊ အမှိုက်သိမ်းယာဉ်(၁)စီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှမီးသတ်ယာဉ်
(၁)စီး၊မြို့နယ်ဖွံ့ဖြိုးရေးနှင့်အထောက်အကူပြု ကော်မတီမှကုန်တင်ယာဉ် ဖောကား(၅)စီး တို့ဖြင့် စုပေါင်း
ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment