Friday, August 14, 2015

 

    

 ပွင့်ဖြူ   သြဂုတ် ၁၂
ပွင့်ဖြူမြို့နယ်တွင် ဇူလိုင်လ(၃၀)ရက်နေ့က မုန်းချောင်းရေဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော
 မြောင်းလက်တံနှင့် မြောင်းမကြီးတို့၏ရေကြီးကျိုးပေါက်သွားသော တောင်မုန်းမြောင်းမကြီးနှင့်
 မြောက်မုန်း မြောင်းမ ကြီးတစ်လျှောက်တို့တွင် ယခုအခါ မြောင်းကျိုးဖို့ခြင်းနှင့် သဲနှုံးတူးဖော်ခြင်း
လုပ်ငန်းများအား မြို့နယ်ဆည်မြောင်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ ဆည်မြောင်း
 မြောင်းဘောင်(၈၅၀၀)ပေကျိုးပေါက်ခဲ့ခြင်း၊ သဲနှုံးတူးဖော်ရန်လိုအပ်သောပေရှည် (၃၄၇၇၀၀)ပေဖြစ်၍
 ဆုံရှုံးမှုတန်ဖိုးအနေဖြင့်မြောင်းဘောင်ကျိုးပျက်မှု ကျပ်သန်းပေါင်း (၅၄)သန်းနှင့် သဲနှုံးတူးဖော်ရန်ကျပ်သန်း
ပေါင်း(၁၂၄၆)သန်းဖြစ်ပြီး တောင်သူဦးကြီးများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင် ရန်အတွက် ယခုအချိန်အထိ
 မြောင်းဘောင်ကျိုးပျက်မှုအား(၆၇၆၄)ပေပြင်ဆင်ဆောင်ရွက်ပေးထားပြီး သြဂုတ်လ (၁၁)ရက်နေ့မှစတင်၍
တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့အား ရေပေးဝေလျက်ရှိရာ လုပ်ငန်း အားလုံးကို သြဂုတ်လ(၁၅)ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video