၂၀၁၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက်(၁၁)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ သတင်း အရ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာနေ မလှယဉ်ဝင်း(၄၃)နှစ်၏နေအိမ်အား ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၆/၂ဝ၁၅)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။
ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာနေ မလှယဉ်ဝင်း(၄၃)နှစ်ထံမှ ချဲထီလောင်းကစားရာတွင် အသုံးပြု သည့်ပစ္စည်းများနှင့် လောင်းကြေးငွေရောရာ ၄၄၅ဝဝိ/- တို့အား ရှာဖွေတွေ့ရှိရသဖြင့် တရားမဝင် ချဲထီ လောင်းကစားပြုလုပ်သူ မလှယဉ်ဝင်းအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း(ပ)၅၂/၂ဝ၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှု ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment