၂၀၁၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နေ့လည် (၁၂) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး-အောင်လံ ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ တောင်တွင်းကြီးဘက်မှ အောင်လံမြို့ဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ ဇီးတောကျေးရွာနေ အောင်စိုးနိုင် (၂၈)နှစ်မောင်းနှင်သော ၉ဌ/xxx ၊ လီဖန်းထော်လာဂျီယာဉ်သည် ခရီးသည်များတင်ဆောင်မောင်းနှင်ကာ မိုင်တိုင်အမှတ်(၂၇၈/၁)အရောက် လမ်းဝဲဘက်ခြမ်းရှိဆည် မြောင်း လမ်းသွယ်ဘက်သို့ချိုးကွေ့စဉ် တောင်တွင်းကြီးမြို့နယ်၊ ကံလှကန်ရွာနေ ဥာဏ်လင်းအောင် (၂၉)နှစ်မောင်းနှင်ပြီး နောက်မှ ဇနီးဖြစ်သူ မသက်သက်အေး(၂၆)နှစ် လိုက်ပါလာသော ၄၂ယ/xxxx၊ ဂျင်ရှီး-၁၁ဝ အနက်ရောင်ဆိုင်ကယ်မှ ထော်လာဂျီအား နောက်မှကျော်တက်ရာ ထော်လာဂျီဦးခေါင်း ဝဲဘက်ခြမ်းနှင့် တိုက်မိ၍ ဆိုင်ကယ်လဲကျစဉ် ထော်လာဂျီမှကြိတ်မိသဖြင့် ဥာဏ်လင်းအောင်တွင် ဝဲဒူးပွန်းပဲ့ ဒဏ်ရာ၊ ခြေမျက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာလက်မောင်းပွန်းပဲ့ဒဏ်ရာ၊ နောက်ကျောပေါက်ပြဲ ဒဏ်ရာ ၊ မေးရိုးကျိုး၊ ယာပါးပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းကြေမွဒဏ်ရာ(သေဆုံး)နှင့် မသက်သက်အေးတွင် ယာပေါင်ပေါက်ပြဲဒဏ်ရာ၊ ယာလက်မောင်းပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ သဖြင့် ထော်လာဂျီအား မဆင်မခြင်မောင်းနှင်သူ အောင်စိုးနိုင်အား တောင်တွင်းကြီးမြို့နယ်၊ မြို့မ ရဲစခန်း ယာဉ်(ပ) ၃၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment