၂၀၁၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နေ့လည် (၂း၀၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ ကံပြား(အရှေ့)ကျေးရွာတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ် (၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မကွေးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များမှ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ သစ်ခွသာယာအိမ်ယာနေ နိုင်ငံကူးလက်မှတ်၊ NRCNo G-xxxx ကိုင်ဆောင်သူ Mr Xiao Jia (၃၃) နှစ်သည် ယာဉ်အမှတ် 5G/xxxx ၊ TOYOTA HILUX VIGO အမျိုးအစား အနက်ရောင်မော်တော်ယာဉ်ဖြင့် နေပြည်တော်-ကံပြားကားလမ်းအတိုင်း နေပြည်တော်ဘက်မှ ကံပြားဘက်သို့မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၇၉/၂)အနီးအရောက်၌ အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့ပြီး Mr Xiao Jia တွင် ဝဲဘက် နားပြတ်ရှ ဒဏ်ရာ၊ ယာဘက် နားသွေးထွက် ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာမေးရိုးချိုင့်ဝင်ဒဏ်ရာများ ရရှိကာ အခင်းဖြစ် အရပ်တွင် သေဆုံးသွားကြောင်းစစ်ဆေးတွေ့ရှိရသည်။

ယာဉ်အားမဆင်မခြင် မောင်းနှင်သူ Mr Xiao Jia အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း ယာဉ် (ပ)၁၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment