Wednesday, April 8, 2015
10:08 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ ဧပြီ ၆
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်တွင် ဧပြီ ၅ ရက်နံနက်က စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပရာ ရှေးဦးစွာနမောတဿဘုရားရှိခိုးဖြင့်ဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ဟံသာ ဝတီကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တ ကိတ္တိ (ရွှေကျင်) ထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြသည်။
ထို့နောက်၂၀၁၄ခုနှစ်တွင်ဂန့်ဂေါစာဖြေဌာနတွင်ကျင်းပသည့်ပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆို
အောင်မြင်သော အငယ်တန်းအောင် ၅ ပါးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဌာနဝန်ကြီး ဦးဝင်းမြင့်မောင် နှင့် ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင် တို့က အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ကျော်သန်းဆွေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment