Tuesday, April 7, 2015



မကွေး    ဧပြီ  ၇
    သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများတရားမ၀င်ရောင်းချခြင်း /သုံးစွဲခြင်းမရှိ စေရေးအတွက် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး၍ တာဝန်ရှိသူများက ၆.၄.၂၀၁၅ရက်နေ့က မကွေးမြို့ ရွာသစ်(၁၈)လမ်း၊ အိမ်အမှတ်(၂၆၀)ရှိ ကိုခင်မောင်ဆန်း(ခ)ပလိုကိုးနေအိမ်သို့  ၀င်ရောက်ရှာဖွေရာ နေအိမ်စတိုခန်းအတွင်းမှ တရားမ၀င်ခွင့်ပြုချက်မရှိ တားမြစ်ဆေး များနှင့်မူးယစ်ဆေးဝါးဖြစ်သော အ၀ါရောင်နှင့် အစိမ်းရောင်ရှိ ဆေးတောင့်(၁၀)တောင့်ပါ Tramacap ဆေးကဒ်(၃၇)ကဒ်အား တွေ့ရှိရမိခဲ့သဖြင့် မကွေးမြို့နယ်ရဲစခန်းမှ (ပ)၁၁၂/၂၀၁၅၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ၁၈ဖြင့်လည်းကောင်း၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
 ဆေးဝါးဥပဒေပုဒ်မ၁၅/၁၉(က)ဖြင့်လည်းကောင်းအရေးယူထားကြောင်းသိရသည်။
    ဆက်လက်ပြီး ၁၆း၄၅အချိန်တွင် မကွေးမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းနိုင်ဝင်းနှင့်တာဝန်ရှိ
သူများ က မကွေးမြို့ ရွာသစ်(၁၈)လမ်း အိမ်အမှတ်(၂၇၄)ရှိ ဦးခင်မောင်ကျော်၏နေအိမ်သို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ၏ မူးယစ်ဆေးဝါးနေအိမ်ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းအမှတ်
(၂/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာအဆိုပါ နေအိမ်အတွင်းရှိ စတိုခန်းအတွင်းမှ တရားမ၀င်ခွင့်ပြုချက်မရှိ တားမြစ်ဆေးဝါးများ(၃၇)မျိုးအား တွေ့ရှိခဲ့သဖြင့် တရားမ၀င် ခွင့်ပြုချက်မရှိ တားမြစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ဦးခင်မောင်ကျော်အား မကွေးမြို့မရဲစခန်းမှ (ပ)၁၁၃/၂၀၁၅၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ -၁၈ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်၊
သို့ဖြစ်ပါ၍ ခွင့်ပြုချက်မရှိတားမြစ် ဆေးဝါးများနှင့်ပတ်သက်၍ ရောင်းချရန်အလို့ငှာ လက်ဝယ် တွေ့ရှိလုပ်ကိုင်သူ တရာခံခင်မောင်ဆန်းနှင့်ဦးခင်မောင်ကျော်တို့အား အသေးစိတ်
စစ်ဆေးပြီး၊ အခြားအလား တူရောင်းချသည့် နေအိမ်/ဆေးဆိုင်စာရင်းများကိုဖေါ်ထုတ်၍  ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု
အတွက် တရားခံ ခင်မောင်ဆန်းအား အသေးစိတ်စစ်ဆေး၍ ကွင်းဆက် တရားခံများအား သက်ဆိုင်ရာမူးယစ်(အထူး)အဖွဲ့၊ရဲစခန်းအဖွဲ့များနှင့်ပူးပေါင်း၍ ဆက်လက်ဖမ်းဆီး အရေးယူ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video