Wednesday, April 8, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက်(၁၁)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်း တာဝန် ၊ ဆောင်ရွက်နေစဉ် တောင်ပြင် (၂)ရပ်ကွက်၊ မြို့လည်လမ်းဆုံ၌ မသင်္ကာဖွယ်လူတစ်ဦးအားတွေ့ရှိ၍ စစ်မေးခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းမှာ တောင်တွင်းကြီးမြို့၊ တောင်ပြင်(၂)ရပ်ကွက်နေ ဝင်းကိုဌေး(၂၉)နှစ်ဖြစ်ကြောင်းသိရှိပြီး ၎င်း လက်ဝယ်တွင် ၁ဝဝဝိ/-တန် ၆၉၈ ရွက်၊ ၅ဝဝဝိ/-တန် ၂၈ ရွက်၊ ၁ဝဝဝဝိ/-တန် ၅ ရွက်၊ စုစုပေါင်း ၈၈၈ဝဝဝိ/-အားတွေ့ရှိရပြီး ၎င်းပိုင်ဆိုင်သောငွေကြေးများဖြစ်ကြောင်း ခိုင်လုံစွာပြောဆိုနိုင်ခြင်းမရှိ သဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

 တောင်တွင်းကြီးမြို့၊ တောင်ပြင်(၂)ရပ်ကွက်နေ ဝင်းကိုဌေး(၂၉)နှစ်အား ထပ်မံစစ်ဆေးခဲ့ရာ ၎င်းနှင့် အတူ တစ်ရပ်ကွက်တည်းနေ ကျော်ဝင်းအောင်(၃၄)နှစ်နှင့် ၆.၄.၂ဝ၁၅ ရက်နေ့ ၁ဝဝဝ အချိန်ခန့်က မောင်းတိုင် (၂)ရပ်၊ ဒန့်ဒလွန်ပင်လမ်းခွဲတွင် ရပ်ထားသော နံပါတ်မမှတ်မိ အဖြူရောင်လိုက်ထရပ် ယာဉ်ပေါ်မှ ခိုးယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဝင်းကိုဌေးနှင့် ကျော်ဝင်းအောင်တို့အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ)၁ဝ၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video