၂၀၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက်(၇)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပြည်-မကွေး ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပြည်-မကွေးကားလမ်းအတိုင်း တောင်တွင်းကြီးမြို့ဘက်မှ ပြည်မြို့ဘက်သို့ ညောင်ဦး မြို့နယ်၊ ဂျမ်းလှီးကျေးရွာနေသူ ယာဉ်မောင်း နိုင်လင်း (၃၆)နှစ် မောင်းနှင်သော 8H/xxxx Pickup နှင့် ပြည်မြို့ဘက်မှ တောင်တွင်းကြီးမြို့ ဘက်သို့ အောင်လံမြို့နယ်၊ ညောင်ဆိပ်ကျေးရွာ နေသူ ယာဉ်မောင်း ခင်မောင်လွင် (၃၇)နှစ် မောင်းနှင် သည့် 3J/xxxx နီဆန်းကောင်တာ (၆)ဘီး အဖြူရောင်ယာဉ်တို့သည် မိုးကောင်းရွာအနီး မိုင်တိုင် အမှတ် (၂၂၇/၃) အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ပွတ်တိုက်မိရာ Pickup ယာဉ်ပေါ်ပါ ကံမမြို့နယ်၊ ညောင်တန်းရွာနေသူ ဒေါ်ဌေးတင် (၇၀)နှစ်အပါအ၀င် မ(၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်အား မဆင် မခြင်မောင်းနှင်သူ နိုင်လင်းနှင့် ခင်မောင်လွင် တို့(၂)ဦးအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment