၂၀၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ည (၈) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲတော် ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်းရေးတာဝန် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များသည် ပုသိမ်-မုံရွာကားလမ်းမှ မန်းရွှေစက်တော်ဘုရားသို့ ဆက်သွယ်ထားသော (၃)မိုင်အ၀င်လမ်းပေါ်တွင် ဆိုင်ကယ်(၁)စီးတိမ်းမှောက်၍ မီးလောင်နေကြောင်း သတင်း အရ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ မင်းဘူးမြို့နယ်၊ မောင်းမကန်ကျေးရွာမှ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ မောင်းမကန် ရွာနေသူ မောင်ထွန်း(၃၈)နှစ် မောင်းနှင်လာသည့် လော့ဂျား ၁၁၀ အစိမ်းရောင်ဆိုင်ကယ် သည် (၃)မိုင် အ၀င်လမ်းဆုံနှင့် ရွှေစက်တော်အကြား မိုင်တိုင်အမှတ် ၁/၄ အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ ဆိုင်ကယ်တိမ်းမှောက်ပြီး မီးလောင်ခဲ့သဖြင့် မောင်ထွန်းတွင် ၀ဲနဖူးပွန်းပဲ့ဒဏ်ရာ ရရှိကာ ဆိုင်ကယ် ကာဘာနှင့် ထိုင်ခုံ မီးလောင်းဆုံးရုံးခဲ့သဖြင့် မောင်ထွန်းအား စကုနယ်မြေရဲစခန်း ယာဉ်(ပ) ၁၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment