၂၀၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ညနေ(၃)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မကွေးမြို့မ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၁၁/၂၀၁၅)ဖြင့် မကွေးမြို့၊ ဈေးလယ်စိုး ရပ်ကွက်၊ (၄)လမ်း၊ အမှတ် (၃၂)နေသူ မဖြူဖြူဝင်း(ခ) မဇဘေဒါ (၄၇)နှစ်၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ နေအိမ်အတွင်း ထားရှိသော စားပွဲခုံပေါ်နှင့် စားပွဲ၏၀ဲဘက်အံဆွဲအတွင်းတို့မှ နှစ်လုံးထီ ဂဏန်းများ ရေးသားထားသော စာရွတ် စာတမ်းများ၊ ဘောင်ချာဖြတ်ပိုင်း စာအုပ်များ၊ ဂဏန်းပေါင်းစက် (၁)လုံးတို့နှင့် အတူ လောင်းကြေး ငွေစက္ကူရောရာ ၂၈၀၀၀ိ/- တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ မဖြူဖြူဝင်း(ခ) မဇဘေဒါအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၁၅/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Thursday, April 9, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment