Thursday, April 9, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နေ့(၁၂)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ၀ယ်တောင်(တ)ကျေးရွာ အနောက်ဘက် (၁)ဖာလုံခန့် အကွာရှိ ရွှေနံ့သာအမှတ်(၂)ဆည်တွင် မိန်းကလေး(၂)ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ရေနစ်သေဆုံးသူများမှာ ၀ယ်တောင်(တ)ကျေးရွာ နေသူ မဇင်ဇင်ခိုင် (၁၃)နှစ်နှင့် တစ်ရွာတည်းနေ မနှင်းယုနွယ်(၉)နှစ်တို့ နှစ်ဦးဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးသည် နေ့ (၁၂)နာရီ အချိန် ခန့်တွင် ရေနံ့သာအမှတ်(၂)ဆည် ရေအနက် ၁၂ ပေအတွင်း ရေဆင်းချိုး၍ ရေနစ်နေစဉ် မနှင်းယုနွယ်၏ မိခင်ဖြစ်သူ ဒေါ်ထားမှ မြင်တွေ့ရသဖြင့် အော်ဟစ်အကူအညီတောင်းရာတစ်ရွာတည်းနေ မောင်ကြွက် ရောက် လာပြီး ၄င်းတို့နှစ်ဦးအား ဆယ်ယူရရှိခဲ့သော်လည်း သေဆုံးနေပြီ ဖြစ်ကြောင်း သိရှိရသဖြင့် ၄င်းတို့သေဆုံးခြင်း မှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေး နိုင်ရန်အတွက် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ် (၂/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video