Thursday, April 9, 2015
4:20 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဧပြီ ၈
မြန်မာနိုင်ငံ၏မြေလတ်ဒေသကြီးဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သည် တက္ကသိုလ်ကျောင်း ပေါင်းစုံတည်ရှိရာနေရာဖြစ်သည့်အပြင်မကွေးမြသလွန်၊မင်းဘူး ရွှေစက်တော်
ဘုရားများသို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကားသည့် မြို့ဖြစ်သည့် အတွက် ပြည်သူများ အန္တရာယ်ကင်းရှင်းလုံခြုံ စိတ်ချစွာ သွားလာနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မကွေးတိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့၊ မူခင်းတပ်ဖွဲ့များမှ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီကဆောင်ရွက်လျက်ရှိသည်။
ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လူစည်ကားရာ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ပညာပေးဟောပြောပွဲများပြုလုပ်ပေးခြင်း၊ တရားမ၀င်မူးယစ်ဆေးဝါးများရောင်းချမှုမရှိစေရေးအတွက် ဆေးဆိုင်များအား စစ်ဆေးခြင်းများကို မကွေးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး အောင်စိုးလင်းဦးဆောင်၍ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းလုံခြုံစွာ ရေကစားနိုင်ရန်အတွက် မကွေးမြို့ပေါ်တွင် မကွေးတိုင်း/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ ၀င်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်အင်အား (၃၀၀)ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်ထားရှိကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များတွင်လည်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ မှုခင်းများ ကျဆင်းစေရေးအတွက် ပညာပေးဟောပြောပွဲများ၊ တရားမ၀င်ဆေးဝါးများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခြင်းများ တစ်ပြိုင်နက်ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ညီညီမောင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment