Wednesday, April 1, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဂန့်ဂေါ-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် (၁၀၄/၄)နှင့် (၁၀၄/၅) အကြား၊ လယ်မကျေးရွာအနီးတွင် ကားတစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ဂန့်ဂေါ-မုံရွာကားလမ်းအတိုင်း ဂန့်ဂေါ မြို့နယ်၊ လယ်မကျေးရွာနေသူ ယာဉ်မောင်း သန့်ဇင်(ခ) ကမ္ဘာရှား (၂၅) နှစ် မောင်းနှင်သည့် အဖြူရောင်(၆)ဘီးယာဉ်ဖြင့် မဲကျေးရွာအနီး တောထဲမှ ထင်းခြောက်များ တင်ဆောင်၍ လယ်မကျေးရွာသို့ မောင်းနှင်ပြန်လာစဉ် ကား တိုက်လော့ ပြုတ်၊ ဘရိတ်ပေါက်ပြီး လမ်းယာဘက် ကမ်းပါးနံရံအား ၀င်ရောက်တိုက်မိကာ ယာဉ်တိမ်းမှောက်ခဲ့၍ ယာဉ်မောင်း သန့်ဇင်(ခ)ကမ္ဘာရှား အပါအ၀င် ယာဉ်ပေါ်ပါ ကျား(၄)ဦးတို့တွင် မစိုးရိမ်ရသော ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ သန့်ဇင်(ခ)ကမ္ဘာရှား အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရအမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video