Wednesday, April 1, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ည (၇)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပွင့်ဖြူ-မင်းဘူးကားလမ်း မိုင်တိုင်အမှတ် (၂၀/၄)အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ပွင့်ဖြူ-မင်းဘူးကားလမ်းအတိုင်း ပွင့်ဖြူမှမင်းဘူးဘက်သို့ ပွင့်ဖြူမြို့နယ်၊ တောင်အင်း ကျေး ရွာနေသူ သူရသံမဏိ (၂၆) နှစ် တစ်ဦးတည်း မောင်းနှင်လာသော ၂၉ယ/xxxxx ZHINENG- 110 နက်/နီကြား ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ မဲဇလီပင်အား ၀င်ရောက် တိုက်မိပြီး သူရသံမဏိတွင် ၀ဲမျက်ခုံး၊ ၀ဲမေး၊ အပေါ်နှုတ်ခမ်းတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ်အား မဆင်မခြင် စီးနင်းမောင်းနှင်သူ သူရသံမဏိအား ပွင်ြ့ဖူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video