Wednesday, April 1, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ည (၉း၁၀) အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ပညာရေးကောလိပ် ရှေ့ရှိ တမာပင်အား ဆိုင်ကယ်နှင့် ၀င်ရောက် တိုက်မိ၍ လူတစ်ဦးသေဆုံး နေကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ပခုက္ကူမြို့မလမ်းအတိုင်း ပခုက္ကူမြို့ဘက်မှ ညောင်ဦးဘက်သို့ မန္တလေးတိုင်း ဒေသ ကြီး၊ ညောင်ဦး မြို့နယ်၊ ငါးသရောက်ကျေးရွာနေသူ ဇော်ဝင်းနိုင် (၃၁)နှစ်သည် ၄၂ယ/xxxxx JIFIA-125 မီးခိုးနက်ရောင် ဆိုင်ကယ်အား တစ်ဦးတည်း မောင်းနှင်လာစဉ် ပခုက္ကူပညာရေး ကောလိပ်ရှေ့ အရောက် တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ တမာပင်အား ၀င်ရောက် တိုက်မိ၍ ဇော်ဝင်းနိုင် တွင် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ လည်ဆစ်ရိုး ဖူးရောင်ဒဏ်ရာ၊ အပေါ်သွား (၂)ချောင်းကျိုး၊ ယာပါးပေါက်ပြဲ ဒဏ်ရာတို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ဆိုင်ကယ်မဆင် မခြင် မောင်းနှင်သူ ဇော်ဝင်းနိုင်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၅၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video