၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ည (၉) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်း ကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်နေသူ ဦးတင်လှ (၅၉) နှစ် သည် နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် သမီးဖြစ်သူ မစုမြတ်မွန် ကိုင်ဆောင်သည့် တရုတ်နိုင်ငံလုပ် Coolpad အမျိုးအစား ဖုန်းနံပါတ် ၀၉-xxxxxxxxxx တယ်လီနောဆင်းကဒ် ထည့်လျှက် အဖြူရောင်ဟန်းဆက် တစ်လုံး ပျောက် ဆုံး နေ၍ နေအိမ်တွင် ကြက်သားလုပ်ငန်း လုပ်ကိုင်ရန် ညအိပ် နေထိုင်ခွင့်ပြု ထားသော နေ့စားအလုပ် သမား (၆)ဦးအား မေးမြန်းရှာဖွေသော်လည်း မတွေ့ရှိရကြောင်း၊
၃၁.၃.၂၀၁၅ ရက်နေ့ နံနက် (၅)နာရီအချိန်ခန့်တွင် ဦးတင်လှနှင့် အလုပ်သမားများမှ မောင်းတိုင်(၂) ရပ်ကွက်နေသူ အလုပ်သမား မျိုးမင်းထွန်း (၁၇)နှစ် အိပ်သည့် အခန်းအတွင်း ၀င်ရောက်ရှာဖွေရာ မျိုးမင်းထွန်း အိပ်သော ခေါင်းအုံးအောက်မှ ပျောက်ဆုံးနေသည့် ဟန်းဆက်နှင့် ဆင်းကဒ်တို့ အား ပြန် လည် တွေ့ရှိရကြောင်း၊
ဟန်းဆက်နှင့် ဆင်းကဒ်ခိုးယူသူ မျိုးမင်းထွန်းအား အရေးယူပေးရန် ၃၁.၃.၂၀၁၅ ရက်နေ့ တွင် ဦးတင်လှမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ)၈၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment