Tuesday, March 31, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ညနေ (၄း၂၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မထူးကြီးကျေးရွာတွင် အမျိုးသမီးတစ်ဦး မကျီးပင်ပေါ်မှပြုတ်ကျ၍ သေဆုံး သွားကြောင်း ၊ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးဝင်းဌေးမှ ရဲစခန်းသို့ လာရောက် အကြောင်းကြားသဖြင့် မြို့မစခန်းမှူးနှင့် အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်အား စစ်ဆေးရာ ညနေ (၃) နာရီခွဲအချိန်ခန့်က မထူးကြီးကျေးရွာနေ ဦးတင်မိုး၏ နေအိမ်ဝိုင်း အတွင်းမှ အမြင့် (၆ဝ)ပေခန့်ရှိ မကျီးပင်ပေါ်သို့ မကျီးသီးပုတ်ချရန်တက်နေသည့် တစ်ရွာတည်းနေ ၊ ဒေါ်မာမာအေး(၅၂)နှစ် (မကျီးပင် ပုတ်ပြတ်ဝယ်၍မကျီးသီးပုတ်သူ)မှာ အမြင့် (၃ဝ)ပေခန့် ရောက်ရှိ စဉ် မြေကြီးပေါ်သို့ ပြုတ်ကျသဖြင့် ဒေါ်မာမာအေး၏ဝဲနားအုံဖူးရောင်/သွေးထွက်ဒဏ်ရာ၊ ဝဲဂျိုစောင်း ဖူးရောင်ညိုမဲဒဏ်ရာနှင့် နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း စစ်ဆေး တွေ့ရှိရ သဖြင့် ဒေါ်မာမာအေး သေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးပေးနိုင်ရန် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၂/၂ဝ၁၅ အရ အမှုရေးဖွင့် ၊ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video