Tuesday, March 31, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နေ့လည် (၁၂း၃၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင် ၊ အောင်လံမြို့နယ်၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၄/၂ဝ၁၅)ဖြင့် အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်နေ မစန်းစန်းထွေး (၄ဝ)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ မစန်းစန်းထွေးနှင့် တစ်ရပ်ကွက်တည်းနေ မောင်မောင်တာ (၅၅)နှစ်တို့အား နေအိမ်ဧည့်ခန်း၌ နှစ်လုံး/သုံးလုံးချဲထီ ရောင်းချလျှက် တွေ့ရှိရပြီး မစန်းစန်းထွေး ထိုင်နေ သည့် စားပွဲခုံပေါ်တွင် နှစ်လုံး/သုံးလုံးထီလောင်း ကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် အတူ ငွေစက္ကူရောရာ ၁၄၃၆ဝဝိ/-နှင့် မောင်မောင်တာထိုင်သည့် ထိုင်ခုံပေါ်မှ နှစ်လုံး/ သုံးလုံးထီလောင်း ကစား ရာတွင် အသုံးပြုသောစာရွက် စာတမ်းများနှင့် ငွေစက္ကူရောရာ ၇၂၅ဝိ/- ၊ စုစုပေါင်း ၁၅ဝ၈၅ဝိ/-တို့ အား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမဝင် နှစ်လုံး/သုံးလုံးထီ လောင်းကစား ပြုလုပ်သူ မစန်းစန်းထွေးနှင့် ၊ မောင်မောင်တာတို့အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၆/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ လည်းကောင်း၊ 

အလားတူ ယင်းနေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးခရိုင်၊ ချောက်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ရတနာအိုင့်ရပ်နေ မအေးသန်း(၄၈)နှစ်၏နေအိမ်တွင် နှစ်လုံးထီ/သုံးလုံးထီ ရောင်းချနေကြောင်း သတင်းအရ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး၏လောင်းကစားဖမ်းဝရမ်းအမှတ် (၄/၂ဝ၁၅) ဖြင့် မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နှစ်လုံးထီ/သုံးလုံးထီ လောင်း ကစားရာ တွင် အသုံးပြုသော စာရွက်စာတမ်းများ၊ လောင်းကြေးငွေရောရာ ၂၃၉ဝဝိ/-နှင့် ဆင်းကဒ်ပါ ဆမ်ဆောင်း ဟန်းဆက်တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင် နှစ်လုံးထီ/ သုံးလုံးထီ လောင်း ကစားပြုလုပ်သူ မအေးသန်းအား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၅၆/၂ဝ၁၅ ၊ လောင်းကစား ဥပဒေ ၁၅(က)/၁၆(က) အရ လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video