Tuesday, March 31, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ည (၁၀း၅၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကန်တုတ်-စစ္စနိုကားလမ်း ဓါတ်ကုန်းကျေးရွာအနီး လှည့်ကင်းဆောင်ရွက်စဉ် ငနောင်မုန်းရေနံမှော်ဘက်မှ လူနှစ်ဦး စီးနင်းလာသော နံပါတ်မပါ၊ ရင်ဇင်း ၁ဝဝ နီနက်ကြားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 ရှေ့မှ စီးနင်းမောင်းနှင်သူမှာ မင်းလှမြို့နယ်၊ အိုဘိုကုန်းရွာနေ ခိုင်ဇော်(၂၁)နှစ်နှင့် နောက်မှ ထိုင်စီး လာသူမှာ ချောက်မြို့နယ်၊ စမ်းဥကျေးရွာနေ တင်လင်းထိုက်(ခ)ထိုက်ကြီး၊ ၃၂နှစ်တို့ဖြစ်ကြောင်း သိရှိရပြီး ဆိုင်ကယ်နှင့်ပတ်သက်၍စစ်ဆေးရာ ၄င်းတို့ပိုင်ဆိုင်ကြောင်း ယုံကြည်နိုင်အောင် အထောက် အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် ခိုးယူလာသည်ဟုမသင်္ကာ၍ ခိုင်ဇော်နှင့် တင်လင်းထိုက် (ခ)ထိုက်ကြီး တို့အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ (ဆိုင်ကယ်) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video