Tuesday, March 31, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ညနေ (၅) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရန်မျိုးအောင်ရပ်နေ စိန်တံခွန်ရေနံ တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူ ညီညီအောင် (၄၅)နှစ်သည် ဆင်မကျဒေသရှိ ဦးသန်းဇော်ဆွေပါ (၃)ဦးနှင့်အတူ ၈၉၉၄ ဧကအား စွမ်းအင် ဝန်ကြီးဌာန၏ခွင့်ပြုချက်အရ တရားဝင်ကိုယ်စားလှယ်လွှဲစာနှင့် စိန်တံခွန်ရေနံတူးဖော်ရေးအမည်ဖြင့် တာဝန်ယူ လုပ်ကိုင်နေစဉ် ၊ ကျောက်ထုမြို့၊ အမှတ် (၄)ရပ်ကွက်နေ ဦးသန်းရွှေလေး(၄၁)နှစ်မှာ ဦးသန်းဇော်ဆွေ၏ ဆင်မကျကျေးရွာ ၅၄ ဧကတွင် လုပ်ကွက်ခွင့်ပြုချက်ရရှိထားသော်လည်း ၄င်း လုပ်ကွက်ဧရိယာအတွင်း ဆီခြံဆောက်လုပ် ဝယ်ယူနေကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးသည့် မြေစာရင်း ဦးစီးဌာန ၊ ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဦးသန်းရွှေလေး ဆီခြံ အတွင်းမှ ရေနံစိမ်းများနှင့် ရေနံစိမ်းဝယ်ယူတွင် အသုံးပြုသည့် ပစ္စည်းအား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမဝင်ရေနံစိမ်းဝယ်ယူသူ ဦးသန်းရွှေလေး အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၅/၂ဝ၁၅ ၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၁ဝ အရ လည်းကောင်း၊

 အလားတူ မင်းလှမြို့၊ အမှတ် (၈)ရပ်ကွက်နေ သိန်းနိုင်ဦး(၂ဝ)နှစ်မှာ ဦးယုနိုင် ပိုင်သည့် ကျောက်ပုံ ဒေသ ၁၉၈ ဧကတွင် လုပ်ကွက်ခွင့်ပြုချက်ရရှိထားသော်လည်း ၄င်းလုပ်ကွက် ဧရိယာအတွင်း ဆီခြံ ဆောက်လုပ် ဝယ်ယူနေကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့အဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ သိန်းနိုင်ဦး၏ ဆီခြံအတွင်းမှ ရေနံစိမ်းများနှင့် ရေနံစိမ်းဝယ်ယူတွင် အသုံးပြုသည့်ပစ္စည်းအား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမဝင်ရေနံစိမ်းဝယ်ယူသူ သိန်းနိုင်ဦးအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၆/၂ဝ၁၅၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေပုဒ်မ ၁ဝ အရ လည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video