Tuesday, March 31, 2015

၂ဝ၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နေ့လည် (၁း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရဲအကူ တပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ ရဲအုပ် မျိုးနိုင်နှင့် ပူးပေါင်းအဖွဲ့သည် မင်းလှမြို့နယ်၊ မိုးကောင်း ဆိပ်ကမ်း၊ ဧရာဝတီမြစ်ကမ်းတွင် ကျောက်ချရပ်ထားသော ဆီတွဲသင်္ဘောများတွင် ဘွိုင်လာမီးထိုးရာတွင် အသုံးပြုသည့် တရားမဝင် Fuel Oil ဆီနှင့် Coker Gas Oil ဆီများ ရောင်းချနေကြောင်းသတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

မင်းလှမြို့၊ ရုံရပ်မြောက်ပိုင်း၊ အမှတ် (၁ဝ)ရပ်နေ ဆန်းဝင်းနိုင်(၂၇)နှစ်ပိုင်ဆိုင်သော OB 205 (ခြူး)တွဲ သင်္ဘောလှောင်ကန်ဝမ်းအတွင်းရှိ Fuel Oil ဆီထည့် ထားသော သိုလှောင်ကန်(၃)ခန်းတွင် တရားမဝင် Fuel Oil ဆီ ဂါလံ(၁၅ဝဝဝ)၊ အခြား(၁)ခန်းတွင် Fuel Oil ဆီအနှစ် ဂါလံ(၅ဝဝဝ)၊ အခြား(၁)ခန်းတွင် Coker Gas Oil ဆီဂါလံ(၅ဝဝဝ) ခန့်နှင့် ၎င်းတွဲဘောင်ဘေး ၌ ကပ်လျက်ချည်ထားသော တရုတ်နီ အင်ဂျင် (၂၅)ကောင်တပ် သံမော်တော်ဘုတ် အတွင်းရှိ လှောင်ကန်(၅)ကန်အတွင်းမှ Fuel Oil ဆီဂါလံ(၂၅ဝဝ)ခန့် ၊ စုစုပေါင်း Fuel Oil ဆီ(၁၇၅ဝဝ)ဂါလံ၊ (၁)ဂါလံလျှင်(၁၅ဝဝိ/-)နှုန်းဖြင့် (၂၆၂၅ဝဝဝဝိ/-)၊ င်္ Fuel Oil ဆီအနှစ်(၅ဝဝဝ)ဂါလံ၊ (၁)ဂါလံလျှင် (၅ဝဝိ/-)ဖြင့် (၂၅ဝဝဝဝဝိ/-)၊ Coker Gas Oil ဆီ (၅ဝဝဝ)ဂါလံ၊ (၁)ဂါလံလျှင်(၁၅ဝဝိ/-)ဖြင့် (၇၅ဝဝဝဝဝိ/-)၊ တရုတ်နီ အင်ဂျင်တပ် အရှည်(၁၈)ပေခန့်ရှိ သံမော်တော်ဘုတ် (၁)စီး၊ ကာလတန်ဘိုး(၁ဝ)သိန်း၊ အလျား(၇၅)ပေ၊ အနံ(၁၅)ပေခန့်ရှိ တွဲသင်္ဘော (၁)စီး၊ ကာလတန်ဘိုး (၁ဝဝ)သိန်း၊ စုစုပေါင်းတန်ဘိုး(၄၇၂၅ဝဝဝဝိ/-)တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် တရားမဝင်ဆီများ သိုလှောင်သူ ဆန်းဝင်းနိုင်အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ) ၄၈/၂ဝ၁၅၊ ၂ဝ၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ကြောင်း သတင်းရရှိသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video