Tuesday, March 31, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ညနေ (၄း၁၀) အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ၊ တောင်မြင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးသန်း(၄၉)နှစ်သည် အုပ်ချုပ်ရေးမှူးရုံးတွင် ရှိနေစဉ် တစ်ရွာ တည်းနေ ဆေးပေါင်းလုပ်ငန်း(ပုဂ္ဂလိက)လုပ်ကိုင်သူ မျိုးထွန်း(၃၈)နှစ်၏ ဆေးပေါင်းရုံ တွင် မီးလောင်နေ သဖြင့် ကိုင်းလယ်ရဲကင်းစခန်းသို့ အကြောင်းကြား၍ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်မှာ မျိုးထွန်းသည် ၂၅.၃.၂ဝ၁၅ ရက်နေ့တွင် ဗာဂျီးနီယား ဆေးပေါင်းပြီး ဆေးရွက်များအား မီးငြိမ်း သတ်သော်လည်း စနစ်တကျငြိမ်းသတ်ခြင်း၊ ပြန်လည်စစ်ဆေးခြင်းမရှိသဖြင့် ဆေးရွက် သီတန် များမှာ မီးခံပိုက်ပြားပေါ်သို့ ကျပြီး မီးလောင်ကျွမ်းခဲ့ရာ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာသူ/သားများမှ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ညနေ (၄) နာရီခွဲအချိန်မီးညွန့်ကျိုးကာ ညနေ (၅း၁၀) အချိန်မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး/ အုတ်ကာ၊ အမြင့် (၂၈)ပေ၊ အလျား (၂၈)ပေ၊ အနံ (၂၈)ပေရှိ ဆေးပေါင်းရုံ (တန်ဖိုး ၃ဝဝဝဝဝိ/-)နှင့် ၊ ပေါင်းပြီးဆေးရွက် (၂၈ဝဝ)ပိဿာခန့် (တန်ဖိုး ၅ဝဝဝဝဝိ/-)၊ စုစုပေါင်း ၈ဝဝဝဝဝိ/-ခန့် မီးလောင် ဆုံးရှုံး သွားကြောင်း စစ်ဆေးသိရှိရသဖြင့် မီးအား ပေါ့ဆစွာ အသုံးပြုသူ မျိုးထွန်း အား ပေါက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၃၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိ ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video