Wednesday, March 11, 2015

  ချောက်      မတ်  ၁၀  ရက်
      ချောက်မြို့ နယ်တွင်ကျေးရွာပေါင်း ၂၃၀ ရှိရာ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ
ဖွံ့ ဖြိုးတိုးတက်ရေးဦးစီး ဌာနခွင့်ပြုရန်ပုံငွေမှကျပ်သန်းပေါင်း ၁၂၂.၃၃၇၆ ဖြင့် ဆိုလာစနစ် ( နေရောင်ခြည်)သုံးကျေးရွာမီးလင်းရေး အတွက်ပြည့်ပင်/ဘုန်းဘွဲ / ပခန်းငယ်/တောင်သာ( မ) /ထိန်ကန်ကျေးရွာစုစုပေါင်း ကျေးရွာ ၅ ရွာခွင့်ပြုရရှိခဲ့ရာ အေးချစ်ပိုင်နှင့် ဇမ္ဗူရစ်ပုလဲကုမ္ပဏီ တို့ မှတာဝန်ယူဆောင် ရွက်ခဲ့ပြီးယခုဆိုလျှင် ဘုန်းဘွဲ/ပခန်းငယ် / တောင်သာ(မ )/ထိန်ကန်ကျေးရွာ
၎ ရွာမှ အိမ်ခြေ ၅၁၄ / လူဦးရေ  ၂၇၃၄ ဦးတို့ အား ဆိုလာစနစ်ဖြင့် မီးစတင်သုံးစွဲနေပြီဖြစ် ကြောင်း သုံးစွဲနိုင်မှုပမာဏမှာ ၂၁ လက်မ  TV ( ဖလက်ပြား) ၁လုံး /၂ပေဖန်ချောင်း ၁ချောင်း/ ၅W မီးသီး ၂ လုံးသုံးစွဲနိုင်ကြောင်း နှင့်ပြည့်ပင်ကျေးရွာမှာဆိုလာစနစ်မှလျှပ်စစ် မီးလင်းရေးလုပ်ငန်းများပြောင်းလဲဆောင် ရွက်လျှက်ရှိကြောင်းကျေးလက်ဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်ကျော်မှရှင်းလင်း ပြောကြားခဲ့သည်။
      အဆိုပါကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး /တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်/ မြို့ နယ် အထောက်အကူပြု  ကော်မတီဥက္ကဌနှင့်အဖွဲ့ ဝင်များ/ ဒေသဖွံ့ ဖြိုးရေး ကော်မတီဝင်များ/ ကျေးလက်ဦးစီးဌာန မှတာဝန်ရှိသူနှင့်ဝန်ထမ်းများစသည်များက ကျေးရွာ ၄ ရွာ ဆိုလာစနစ်ဖြင်မီးလင်းနေမှု အခြေအနေများ /ပြည့်ပင်ကျေးရွာလျှပ်စစ်မီး ဆောင်ရွက်နေမှုများအားကွင်းဆင်းကြည့်ရှု၍ရရှိလာသည့်အခွင့်အရေးကို
အကျိုးရှိစွာအသုံးပြု၍ရေရှည်အသုံးပြုနိုင်ရေး/စနစ်တကျ ကိုင်တွယ်အသုံပြုကြရေးစသည်များ မှာကြား ခဲ့ကြောင်းသတင်းရရှိသည်။
      မချို  ( ချောက် )

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video