Wednesday, March 11, 2015



မကွေး    မတ်    ၁၁
    မကွေးမြို့ပေါ်ရှိ ၂၀၁၅ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများဖြစ်သော အမှတ်(၁)၊ (၂)၊ (၃)(၄)အခြေခံပညာကျောင်းများတွင် ဖြေဆိုသူပေါင်း(၃၆၄၀)ဦးရှိရာ ကျောင်းသား/သူများ
 အေးချမ်းစွာဖြေကြားလျက်ရှိကြောင်းသိရသည်။
    တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွေှ့နှင့် တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်ပြီး ၀န်ကြီးချုပ်သည် မကွေးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍စာမေးပွဲဖြေဆိုလျက်ရှိသည့် ကျောင်းသား/သူများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဆရာ/ဆရာမများမှ လိုအပ်ချက်များကို ပြည့်စုံစွာ ဖြည့်ဆည်းဆောင်ရွက်ရေး၊ လုံခြုံရေးများ ဂရုပြုဆောင်ရွက်ရန်များ မှာကြားခဲ့ပါသည်။
    မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ် (၂၆)မြို့နယ်တွင် ၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၁၁၂)ခုဖွင့်လှစ်ဖြေကြားစေခဲ့ပြီး ဖြေဆိုသူပေါင်း(၅၆၈၇၂)ဦးတို့မှ အေးချမ်းစွာ ဖြေဆိုလျက်
ရှိကြောင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှလည်း ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ညီညီမောင် ခရိုင်ပြန်/ဆက်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video