Wednesday, March 11, 2015




မကွေး    မတ်   ၁၀
    ကမ္ဘာ့အမွေအနှစ်နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများအကြောင်းအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက မကွေးမြို့ ပညာရေးကောလိပ်အား ကစားရုံခန်းမတွင် ပြုလုပ်သည်။
    အခမ်းအနားတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်ကကမ္ဘာ့အမွေအနှစ်နှင့်
 ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများအကြောင်း ဆွေးနွေးပြောကြားရာတွင် မိမိတို့ဒေသတွင် ရှိသည့် အမွေအနှစ်များအား မိဘဘိုးဘွားများမှတဆင့် သိကြား ခဲ့ပြီး မိမိတို့လက်ထက်တွင်လည်း ၀ိုင်းဝန်းစောင့်ရှောက် ရမှာဖြစ်ကြောင်း မိမိတို့နိုင်ငံအနေဖြင့် ရှေးဟောင်းအမွေအနှစ်များအား ကမ္ဘာအသိအမှတ်ပြုနိုင်ခဲ့တဲ့ အတွက် ဒေသခံများမှလည်း ၀ိုင်းဝန်းလေ့လာ စောင့်ရှောက်ရမှာဖြစ်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနသာမကဌာနဆိုင်ရာ ပြည်သူများပါပူးပေါင်းပြီး
 ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ ယခုလိုဆွေးနွေးပွဲများတွင် အခြားနိုင်ငံများမှ အတတ်ပညာရှင်များပါ လာရောက်ဆွေးနွေးပေးကြသည့်အတွက်သိရှိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ပါကြောင်းပြောကြား
ပါသည်။
    ယင်းနောက် ရှေးဟောင်းသုတေသနပညာရှင်များဖြစ်ကြသော အီတလီနိုင်ငံ Lerici Foundation မှ ရှေးဟောင်းသုတေသနပညာရှင် Dr. Paritrica Zolase ၊ အီတလီနိုင်ငံ Lerici Foundation မှ ညွှန်ကြားရေးမှူး Dr. Mauro Cucze၊ သြစတေးလျနိုင်ငံ Austrila National Universityမှ ရှေးဟောင်း
သုတေသနပညာရှင် Dr. Bob Husdon တို့က ရှင်းလင်းပြောကြားပါသည်။ ဆက်လက်္က သရေခေတ္တရာ အမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ဥက္ကဌ၊ ဦးလူဝင်းကရှင်းလင်းပြောကြားပြီး တက်ရောက် လာသူများ၏ ဆွေးနွေးမေးမြန်းချက်များ ကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသန်းဇော်ဦးက
 ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
    ယင်းကမ္ဘာ့အမွေအနှစ်နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့အောင်ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများအကြောင်းအသိပညာပေး ဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာ နာယက ဒေါ်စမ်းစမ်းမြင့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း၊  လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး၊ ပညာရေးကောလိပ်မှ ကျောင်းသား/သူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video