Wednesday, March 11, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မကွေးမြို့နယ်၊ နံကပ်ကျွန်းအုပ်စု၊ မြသလွန်ဘုရားဈေးဆိုင်တန်း၊ `မင်းခန့်´စာအုပ် အငှားဆိုင်ခန်းတွင် တရားမ၀င်ဘောလုံး လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေရာ စာအုပ်အငှားဆိုင်တွင် ဆိုင်ရှင် ဇော်ထက်အောင် (၂၃)နှစ်နှင့်အတူ အလျား(၂)ပေ၊ အနံ(၂၀)လက်မ၊ အမြင့်(၁၁)လက်မခန့်ရှိ အပြာရောင်ပလပ်စတစ် ခင်းထားသည့် စားပွဲခုံပေါ် တွင် ဘောလုံးလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်းများ နှင့်အတူ လောင်ကြေးငွေ စက္ကူရောရာ ၈၈၅၅၀ိ/-တို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် တရားမ၀င် ဘောလုံးလောင်းကစား ပြု လုပ်သူ ဇော်ထက်အောင် အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၇၁/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video