Wednesday, March 11, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နေ့လယ် (၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စေတုတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံမှ ယာဉ်တိမ်းမှောက်၍ ဒဏ်ရာ ရရှိသူများ ရောက်ရှိလာကြောင်း တယ်လီဖုန်းဖြင့် အကြောင်းကြားလာသဖြင့် သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်နေသူ ယာဉ်မောင်း ရဲဇော်(ခ) ဇော်ရဲအောင် (၂၃)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရဲထက်အောင် လိုက်ပါသော ၅င/xxxxx လီဖန်း ဖောကားအပြာရောင် ယာဉ်သည် ရွှေဝလင်းကုမ္ပဏီမှ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်နှင့် ဂန့်ဂေါ ခရိုင်၊ ဆောမြို့နယ်တို့အား ဆက်သွယ်ထားသော ခရိုင်ချင်းဆက် လမ်းခင်းရန်အတွက် မင်းဘူးမြို့နယ်၊ မင်းလှကျင်း ကျေးရွာမှ ခေါ်ဆောင်လာသော အလုပ်သမား ကျား(၉)ဦး၊ မ(၂၂)ဦး၊ ပေါင်း (၃၁)ဦးတို့အား တင်ဆောင် မောင်းနှင်လာစဉ် ခရိုင်ချင်းဆက်ကားလမ်း မိုင်တိုင်အမှတ် (၂/၂)နှင့် (၂/၃)အကြား၊ ကျောက် မွဲ ကျေးရွာအနီး အရောက်တွင် ရှေ့ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက် သွားခဲ့သဖြင့် ယာဉ်ပေါ်ပါ အလုပ်သမားများအနက် မသန်းသန်း (၃၉)နှစ်၊ မစန်းမြင့်(၃၁)နှစ်၊ မခင်မေစန်း (၄၃)နှစ် တို့(၃)ဦးမှာ အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ကျန်အလုပ်သမားများမှာ စိုးရိမ်ဖွယ်မရှိသော ဒဏ်ရာများ အသီးသီးရရှိခဲ့ကြကြောင်း သိရှိရပါသည်။
ယာဉ်မဆင်မခြင်မောင်းနှင်သူ ရဲဇော်(ခ) ရဲဇော်အောင်အား စေတုတ္တရာမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ) ၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video