Tuesday, March 10, 2015

ငဖဲ   မတ်    ၁၀
    မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇီးတောကြီးကျေးရွာအုပ်စု၊ ဇီးတောလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် မတ် ၈ ရက် နေ့လယ် (၁)နာရီတွင် နိုင်ငံတော်မှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ဆရာတော်ဘဒ္ဒန္တဣန္ဒာစက္ကအား ဂုဏပူဇ်ာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
    ပူဇော်ပွဲအခမ်းအနားအား နမောတဿ သုံးကြိမ်ရွက်ဆိုဖွင့်လှစ်၍ ဇီးတောလေး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ရ ဘဒ္ဒန္တဣန္ဒာစက္ကထံမှ သီလခံယူဆောက်တည်ပြီး မကွေးမြို့ ယဉ်ကျေးမှုတေးဂီတအဖွဲ့နှင့် (နိုင်ငံတော် ရွှေတံဆပ် (၂၃)ဆုရ မြေလတ်မင်းလွင်)မှ အမြတ်ရိပ်ပါရမီ ဆင်သပေးသူ ရှစ်ဆယ်ပေါ်တေထပ်ဖြင့် တီးခတ်ပူဇော်ခဲ့သည်။ ထိုနောက်ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းနှင့် လ၀ကဦးစီးမှူးဦးအောင်ဌေးတို့မှ ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကအား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း ဇီးတောကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျောင်းဒါယကာ၊
ဒါယိကာမတို့မှ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ငဖဲမြို့နယ် အိုးမြေတွင်းကျောင်း ဆရာတော်ဦးတေဇ၀န္တထံမှ သြ၀ါဒကထာနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခြင်းများဆောင်ရွက်ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွက်ဆို၍ အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့သည်။
    အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃာနာယက ဆရာတော်ကြီးများ၊ ဇီးတောကျောင်းတိုက် ဆရာတော်ကြီး၏ တပည့်ဆရာတော်များ၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တပည့်ဒါယကာ/ဒါယိကာမများနှင့် ဧည့်ပရိတ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video