ချောက် မတ်လ ၁၀ ရက်
မွေးမြူရေးလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာနမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည်
ကျေးလက်နေပြည်သူများအခြေခံမွေးမြူရေးအသိပညာဖွံဖြိုးတိုးတတ်စေရေးအတွက်ကျေးလက်ဒေသ
အခြေခံမွေးမြူရေးလုပ်သားမွမ်းမံသင်တန်းကိုတိုင်းဒေသကြီး အစိုးရ၏အစီအစဉ်ဖြင့်မတ် ၂ ရက်မှ ၈ ရက်နေ့အထိရက်သတ္တတစ်ပတ်စာတွေ့လက်တွေ့ပို့ချသင်ကြားခဲ့ပြီးသင်တန်းဆင်းပွဲကိုယမန်နေ့နံနက်
(၀၉:၃၀)အချိန်ကကျင်းပသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်ဦးဝင်းနိုင်ဦး
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် တို့ကအမှာစကားပြောကြားပြိး မြို့နယ်တိမွေးကုဦးစီးဌာနမှူး
ဒေါက်တာစိုးလင်းကသင်တန်းဆင်းသွား၍ မိမိတို့ဒေသတွင်လက်တွေ့အသုံးချ၍ အသိပညာများပြန့် ပွားစေ လိုကြောင်းစသည့်များမှာကြားခဲ့ကြောင်း သင်တန်းသားတစ်ဦး မှလည်း ကျွန်တော်တို့ဒေသသည် ပူပြင်း ခြောက်သွေ့ပြီးမိုးနဲရေရှားရပ်ဝန်းဒေသ ဖြစ်သဖြင့်စိုက်ပျိုးရေးကိုအားထား၍မရဘဲမွေးမြူေးကိုအဓိက
ထား၍တွဲဖက်လုပ်ကိုင်ရ ခြင်းဖြင့်တဖက်တစ်လမ်းကအကျိုးကျေးဇူးရှိသည်ဖြစ်ကြောင်း ယ္ခုသင်တန်းမှာ စာတွေ့လက်တွေ့သင်ကြားပြသမှု့များကိုလက်တွေ့အသုံးချ၍အသိပညာများဆက်လက်ပြန့်ပွားဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ယ္ခုလိုဖွင့်လှစ်သင်ကြားပေးမှု့များအားကျေးဇူးအထူးပင်တင်ရှိပါ ကြောင်စသည် များပြောကြားခဲ့ကြောင်းသိရှိရသည်။
ဝင်းဌေး( ချောက် )
Wednesday, March 11, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment