Wednesday, March 11, 2015
2:14 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ချောက် မတ် ၁၁ ရက်
ချောက်မြို့နယ် ၊အမှတ် (၁၁)ရပ်ကွက် ၊သာသနာ့ဗိမာန်တော်တွင်ကျင်းပသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နေ့လယ် ၁၃း၃၀ အချိန် ၂၀၁၄ -ခုနှုစ် ၊ပါဠိပထမပြန်စာမေးပွဲအောင်မြင်ဖြေဆို ခဲ့သော စာအောင်သံဃာတော်များအတွက် စာအောင်ဆုလက်မှတ်ဆပ်ကပ်လှူဒါန်းပွဲနှင့် ဗုဒ္ဓမြတ်စွာဘုရားအပါအ၀င် သံဃာတော် (၃၂)ပါးအား ၀တ္ထုငွေဆွမ်းလောင်းလှူပွဲကိုတက်ရောက်လာသော ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးအသင်းအဖွဲ့များမှ နမောတဿ (၃)ကြိမ်ရွတ် ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒ န္တပဏ္ဍိစ္စသာရမှ ငါးပါးသီလချီးမြှင့် ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက်မှ သာသနာတော် ဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသောဌာနဆိုင်ရာ အကြီးအကဲများမှ စာအောင်သံဃာတော်များအား အောင်လက်မှတ်များဆပ်ကပ်လှူဒါန်းခြင်းနှင့် ၂၀၁၄-ခုနှုစ် ၊ပါဠိပထမပြန်စာမေးပွဲအောင်မြင်ဖြေဆိုခဲ့သည့် ပထမကြီးအောင် သံဃာတော်များအတွက် စာအောင်ဆုအလှူငွေကျပ် (၅၀၀၀၀ိ/-)အား ဆန်ပွဲရုံပိုင်ရှင် ဒေါ်စန်းစန်းမြင့်မှလည်းကောင်း ၊ပထမလတ် (၁)ပါးအတွက် အလှူငွေကျပ် (၃၀၀၀၀ိ/-)နှင့် ပထမငယ်စာသင်ဆု အတွက် အလှူငွေ (၂၀၀၀၀ိ/-) ၊မြို့နယ်ဖွံ့ဖြိုးအထောက်အကူပြုအဖွဲ့ဝင် ဦးအေးဝမ်းဖြိုးမှလည်းကောင်း၊ ပထမလတ်(၁)ပါးအတွက် အလှူငွေ (၃၀၀၀၀ိ/-)ကို ပွဲရုံလုပ်ငန်းပိုင်ရှင် ဒေါ်ဝင်းဝင်းသန်းတို့မှ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက်နှင့်ဝန်ထမ်းများ ၊ဌာနဆိုင်ရာအကြီးအကဲနှင့် ၀န်ထမ်းများ ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ ၊ လူမှူရေးအသင်းအဖွဲ့များ၊ဒေသခံပြည်သူများစသည့်တို့က မြတ်စွာဘုရား အပါအ၀င် သံဃာတော် (၃၂)ပါးအား လှူဘွယ်ပစ္စည်းများနှင့် ငွေဆွမ်းများလောင်းလှူခဲ့ရာ အလှူငွေ စုစုပေါင်းကျပ် (၆၇၇၉၂၂/-) လှူဒါန်းခဲ့ကြောင်း နှင့်လှူဒါန်းမှုအစုစုတို့ကိုရေစက်သွန်ချအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိရတု (၃)ကြိမ်ရွတ်ဆို၍အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း
သိရှိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment