Friday, February 27, 2015
11:12 AM
မကွေးသတင်းစုံ
Local News, NEWS
No comments
မကွေး ဖေဖော်ဝါရီ ၂၆
နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ ခရိုင် တရားသူကြီး များ၏ အဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအတွေ့အကြုံများ ရှင်းလင်း ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းမှ ရှင်းလင်းမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်နုယဉ်မှ တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ်များ မှာကြားဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးအုန်းသောင်းက တရားစီရင်ရေး ဆိုင်ရာစီမံခန့်ခွဲရေး ကိစ္စများနှင့် ထောက်ပံ့ရေးရာကိစ္စရပ်များကို မှာကြားဆွေးနွေး ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး တရေားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေး အရာရှိများ၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်တရားရုံးများနှင့်မြို့နယ် တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment