Friday, February 27, 2015

နတ်မောက်     ဖေဖေါ်ဝါရီ     ၂၆
    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ၂၀၁၄ ခုနှစ်မိုးရာသီဘဏ်ချေးငွေများပြေကျေမှုဂုဏ်ပြုပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးး ဦးဌေးအောင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးမျိုးနိုင်က မိုးဘဏ်ချေးငွေ   ပြန်လည်ကောက်ခံမှုဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ် မိုးရာသီဘဏ်ချေးငွေ အစောဆုံး ပြေကျေစွာပြန်လည်ပေးဆပ်သည့်ရွာတော်ကျေးရွာအုပ်စု၊ တဲကြီးကျေးရွာ အုပ်စု ၊ ဆင်သေကန်ကျေးရွာအုပ်စု၊ဆည်လည်ကျေးရွာအုပ်စုနှင့် ကျောက်ပုံကျေးရွာ အုပ်စုတို့အား မြို့နယ်
အုပ်ချုပ်ရေးမှူးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ တို့ကဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့် ခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video