Friday, February 27, 2015

နတ်မောက်              ဖေဖေါ်ဝါရီ    ၂၆
    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး
 ဦးစီးဌာန မိုးပွင့်အထူးစီမံချက် ရှင်းလင်းပွဲကို ဖေဖေါ်ဝါရီ ၂၆ ရက်နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မကွေးခရိုင်
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်မှ လူဦးရေစာရင်းနှင့်
 နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်း မိုးပွင့်(အထူး)စီမံချက်နှင့် ပတ်သက်၍
စီစစ်ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားတွင် ဌာနဆိုင်ရာ အကြီးအကဲများ ၊ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video