၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၁၁း၄၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ချောက်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် များသည် သတင်းအရ သက်သေများနှင့်အတူ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၁/၂၀၁၅)ဖြင့် ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်နေသူ ဘဲပြား(ခ) အောင်မြသက်ခိုင် (၄၇)နှစ်၏ နေအိမ် အား ၀င်ရောက်ရှာဖွေရာ သုံးလုံးထီ/နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်း များ နှင့် ငွေစက္ကူရောရာ (၃၁၃၀ိ/-)တို့အား ရှာဖွေသိမ်းဆည်း ရမိသဖြင့် ဘဲပြား(ခ) အောင်မြသက်ခိုင် အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၆/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က)အရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
အလားတူ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည (၁၀) နာရီအချိန်ခန့်တွင် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နတ်မောက်မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၄/၂၀၁၅)ဖြင့် ဈေးသာကျေးရွာအနီး နတ်မောက်-ပျော်ဘွယ် ကားလမ်းဘေးရှိ ၀ါအရောင်းအ၀ယ် ပြုလုပ်သူ နိုင်လင်းထူး (၃၀)နှစ်၏ နေအိမ်အတွင်းသို့ ၀င်ရောက် ရှာဖွေရာ ၀ါ အ၀ယ်ဒိုင် ပြုလုပ်ရာ နေအိမ်အဖီအတွင်း၌ နိုင်လင်းထူး ပါ(၅)ဦးတို့အား ဖဲလောင်းကစား ပြုလုပ်နေသည် ကို တွေ့ရှိရပြီး ဖဲလောင်းကစားရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများ၊ ငွေစက္ကူ ရောရာ (၂၁၇၀၀ိ/-) တို့နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ဖဲလောင်းကစား ပြုလုပ်သူ နိုင်လင်းထူး ပါ(၅)ဦးအား နတ်မောက် မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၂/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၂(က)/ ၁၃(က) အရ အရေးယူ ဆောင် ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment