နတ်မောက် ဖေဖေါ်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး
အဖွဲ့က အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်(၇)ရပ်ကွက်ရှိ အမှိုက်များကို လိုက်လံသိမ်းဆည်းခြင်း လုပ်ငန်းများ နေ့စဉ် ဆောင်ရွက်နေကြောင်းသိရသည်။အဆိုပါ အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ အမှိုက်များကို နံနက် ၂ ကြိမ်၊ ညနေ ၁ကြိမ် နေ့စဉ် မြို့နယ်စည်ပင်သာယာအလုပ်သမား ဝန်ထမ်းများက သိမ်းဆည်းခဲ့သည်။ နတ်မောက်မြို့ မြို့မဈေးကြီးအရှေ့ဘက်ရှိ လူနေအိမ်များမှ စွန့်ပစ်အမှိုက်ပုံကိုလည်း ဖေဖေါ်ဝါရီ ၂၇ ရက် နံနက်ပိုင်းက မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းခဲ့ကြောင်းသိရသည်။
Friday, February 27, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment