၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၁၁း၄၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပွင်ြ့ဖူမြို့မဈေး အရှေ့ဘက် ၀င်ပေါက်အနီးတွင် ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်နေသူ မစန်းအေး (၄၆)နှစ်အား ရှာဖွေရာ ၄င်း၏ လက်ကိုင်ပိုက်ဆံအိတ် အတွင်းမှ တရားမ၀င် နှစ်လုံးထီ/ သုံးလုံးထီ လောင်း ကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် ငွေစက္ကူရောရာ (၄၂၀၅၀ိ/-)တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် မစန်းအေးအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၇/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
အလားတူ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်တွင် စလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပေါင်းပင်ဇင်းရပ် တောင်တာရိုး လမ်းမပေါ်တွင် ပေါင်းပင်ဇင်းရပ်နေသူ မမြိုင်(၂၈)နှစ်အား တွေ့ရှိ၍ အမျိုးသမီး သက်သေဖြင့် ၄င်း၏ကိုယ် အား ရှာဖွေရာ ထဘီကြားတွင် ညှပ်ထားသော အပြာရောင်လက်ကိုင် ပိုက်ဆံအိတ် အတွင်းမှ နှစ်လုံး ထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် ငွေစက္ကူရောရာ (၈၂၀၀ိ/-)တို့ အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် နှစ်လုံးထီလောင်းကစား ပြုလုပ်သူ မမြိုင်အား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၀/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment