Friday, February 27, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ် (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကုက်္ကိုတန်းရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်တင်မှ ကုက်္ကိုတန်းရွာနေ လင်းရောင်ထွန်း (၃၅)နှစ်သည် ယာခင်းအတွင်း ထန်းပင်အောက်တွင် လယ်ယာသုံး ပိုးသတ်ဆေး သောက်ထားသည်ကို တစ်ရွာတည်းနေ ဟန်ဝင်း မှ မြင်တွေ့၍ အကြောင်းကြားသဖြင့် လင်းရောင်ထွန်း၏ မိဘများနှင့်အတူ နေအိမ်သို့သယ်ဆောင်လာစဉ် လမ်း၍ သေဆုံးသွားကြောင်း အကြောင်းကြားလာသဖြင့် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သြဘာကုမ္ပဏီထုတ် ဖရိုဝမ်းပိုးသတ်ဆေးဗူးခွံ (၁)ခုအား သိမ်းဆည်းခဲ့ပြီး ၄င်းသေဆုံးခြင်း မှာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေ ရဲစခန်း သေမှုသေ ခင်း အမှတ်စဉ် (၂/၂၀၁၅) ဖြင့် ရေးဖွင့်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video