Saturday, February 28, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် (၃) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လက်ဆည်ကန်အုပ်စု၊ ထနောင်းခါးလှရွာနေ မအေး(သ)၄၃နှစ်သည် ခင်ပွန်း ဖြစ်သူ မြင့်နိုင် (သ)၃၈နှစ်နှင့်အတူ အိပ်နေစဉ် ခင်ပွန်းဖြစ်သူမှ ကာမဆက်ဆံရန်ပြောသည်ကို လက်မခံ သဖြင့် ခင်ပွန်းဖြစ်သူ မြင့်နိုင်မှ ကုတင်ခေါင်းရင်းတွင်ရှိသော အရှည် (၂)ပေ (၄)လက်မခန့် လုံးပတ်(၅) လက်မခန့်ရှိ ရှားနှစ်တုတ်ဖြင့်ရိုက်သဖြင့် မအေးတွင် ဦးခေါင်းငယ်ထိပ် ပေါက်ပြဲဒဏ်ရာ(၂)ချက် ယာမျက်ခုံး ပေါက်ပြဲဒဏ်ရာ (၁)ချက်ရရှိခဲ့ပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

 သေဆုံးသူ မအေး၏ မောင်တော်စပ်သူ တစ်ရွာတည်းနေ ဇော်နိုင်(သ) ၃၆နှစ်မှ မြင့်နိုင် (၃၈)နှစ်အား အရေးယူပေးပါရန် ၂၇.၂.၂ဝ၁၅ ရက်နေ့တွင် တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြိုင်မြို့နယ်၊ မြို့မ ရဲစခန်း (ပ) ၁၄ /၂ဝ၁၅ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video