၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် (၅) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ် မျိုးညွန့်နှင့် တပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်၊ ဖလံ ကျင်းကျေးရွာအနီး ပွင့်ဖြူ-မဲဇလီသွား တောင်မုန်း မြောင်းမကြီးပေါ်တွင် ဆိုင်ကယ် တိမ်းမှောက် မှုဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
မဲဇလီကျေးရွာမှ ပွင့်ဖြူမြို့ဘက်သို့ ဈေးဝယ်ရန်အတွက် ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာနေ မဲဇလီမုန်း တံတား ဖြတ်သန်းခကောက်ခံရေး လုပ်သားဖြစ်သူ ကျော်သက်ဆွေ(သ)၂၃နှစ် မောင်းနှင်ပြီး နောက်မှ ပွင့်ဖြူမြို့မရဲစခန်းမှ မဲဇလီတံတားလုံခြုံရေးတာဝန်ကျ ရဲတပ်သား စိုးငြိမ်းသူ (သ)၂၂နှစ် လိုက်ပါ လာသည့် ၃၈ယ/xxxx ၊ Roven ၁၂၅ အဖြူပြာစင်းကြားဆိုင်ကယ်မှာ ဖလံကျင်းကျေးရွာအနီး အပေါ့ စွန့်ပြီးပြန်အထွက် တွင် ဆောင့်ထွက်ရာမှ ရဲတပ်သား စိုးငြိမ်းသူမှာ ပြုတ်ကျခဲ့ပြီး ဆိုင်ကယ်မှာ လမ်းခင်း ရန်အတွက် စုပုံ ထားသည့်ကျောက်ပုံအား ဝင်ရောက်တိုက်မိတိမ်းမှောက်ရာမှ ရဲတပ်သား စိုးငြိမ်းသူ တွင် ဝဲဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်နဖူးနှင့်နားထင်ပွန်းပဲ့ဒဏ်ရာများရရှိကာ ဆိုင်ကယ်စီးနင်း သူ ကျော်သက်ဆွေ တွင် ယာနဖူးချိုင့်ဝင်ဒဏ်ရာ၊ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းနှင့် ပါးစပ်များ မှ သွေးထွက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသည်။

ဆိုင်ကယ်ပေါ့ဆစွာမောင်းနှင်သူ ကျော်သက်ဆွေ (၂၃)နှစ်အား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment