၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် (၅) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက် အပိုင်း(၆)တွင် မီးလောင်မှုဖြစ်ပွား ကြောင်း သတင်း အရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် များနှင့်အတူ မီးလောင်ရာသို့ မီးသတ်ယာဉ် (၃)စီးတို့ဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂) ရပ်ကွက်၊ အပိုင်း(၆)၊ ချောက်ကြားလမ်းသွယ်ရှိ ကြက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးမြင့်အောင် (သ) ၄၇နှစ်၏ (၃)ပင် (၁၁)ပင်၊ သက္ကယ်မိုး၊ ဝါးခြမ်းကာ၊ ဝါးကြမ်းခင်း ကြက်ခြံရှိ ကြက်သားပေါက်များအား မီးသွေးမီးဖိုဖြင့် မီးအပူပေးရာမှ မီးပွား လွင့်စင်ပြီး စတင်လောင်ကျွမ်းခဲ့ရာ ဝ၅၄၅ အချိန် မီးငြိမ်းသွားခဲ့ပြီး အခင်း (၉) ပေပတ်လည်၊ အမိုး ပေ(၂ဝ) ပတ်လည်ခန့်နှင့် ကြက်သားပေါက် (၁၅ဝ)ကောင် မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေ ၁၉၆ဝဝိ/-ခန့် ဆုံးရှုံး သွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ မြင့်အောင် အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း (ပ)၅၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment