၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရဲစခန်းအရှေ့ဘက် (၁၂)မိုင်ခန့် အကွာ၊ ဆိတ်ဆင်းကျေးရွာအုပ်စု၊ ရွာကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့်အတူ မီးလောင်ရာသို့ မီးသတ်ယာဉ်(၁)စီးဖြင့် သွားရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
ဆိတ်ဆင်းကျေးရွာအုပ်စု၊ ရွာကုန်းကျေးရွာနေ ဦးလှထူး(သ)၇၁နှစ်သည် ၁၁၃ဝ အချိန်ခန့်တွင် နွားစာတဲ ထန်းရွက်မိုး အဖီအောက်ရှိ အမှိုက်ပုံသို့ ဆေးလိပ်အတိုအား ပစ်ခဲ့ရာမှတစ်ဆင့် မီးစွဲကာ နွားစာတဲအဖီနှင့် ဝဲဘက်ကပ်လျက်ရှိ ၄င်းပိုင် (၄)ပင်ပတ်လည် (၂)ထပ်၊ သွပ်မိုး၊ အပေါ်ထရံကာ၊ အောက်ထပ်အုတ်ကာ၊ တမံတလင်းခင်းနေအိမ်၏ အပေါ်ထပ်ထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ၁၁၄၅ အချိန်တွင် မီးငြိမ်းသွား ခဲ့ကြောင်းနှင့် နွားတဲအဖီနှင့် နေအိမ်အပေါ်ထပ်ထရံများ မီးလောင် ကျွမ်းခဲ့မှုကြောင့် တန်ဖိုးငွေ ၃ဝဝဝဝိ/- ခန့် ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ ဦးလှထူးအား မြိုင်မြို့မ ရဲစခန်း (ပ)၁၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment