၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် (၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဆောမြို့နယ်၊ စံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြသောင်းသည် ကျေးရွာ၏ အနောက် တောင် ဘက်ရှိ ယောချောင်းအတွင်း ဘက္ထရီအိုးဖြင့်ငါးရှော့တိုက်ဖမ်းနေကြောင်း သတင်းအရ ကျေးရွာ ဖွံ့/ထောက် ဥက္ကဌ ဦးသန်းဌေး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆောမြို့နယ်၊ ကျောက်ထုကျေးရွာနေ ဇော်မင်း(သ)၃ဝနှစ်နှင့် မင်းမင်းထွန်း(သ)၃၈နှစ် တို့နှစ်ဦးအား ငါးရှော့တိုက်ရာတွင်အသုံးပြုသော ဘက္ထရီအိုးနှစ်လုံး၊ ရှော့တိုက်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိသဖြင့် ဇော်မင်းနှင့် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ၂၇.၂.၂ဝ၁၅ ရက်နေ့ တွင် ဦးမြသောင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်း (ပ)၈/၂ဝ၁၅ ၊ ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ ၄၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment